
ပိန်းဥသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအနှံအပြားတွင် စိုက်ပျိုးစားသုံးကြသော ဟင်းသီး ဟင်းရွက် တစ်မျိုးဖြစ်ကြောင်း၊ မြန်မာလူမျိုးအများစုမှာ ပိန်းဥနှင့် ပိန်းဥရွက်ကို ဟင်းချိုချက်စားခြင်း၊ ကြော်ချက်စားခြင်းနှင့် ပြုတ်စားခြင်းစသည်ဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ပိန်းဥမှာပါဝင်သော ပိုတက်စီယမ်ဓာတ်သည် နှလုံးသွေးကြောများအား သွေးဖိအား ကိုလျော့ကျစေပြီး အာရုံကြောစနစ်၏ လုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးခြင်းကြောင့် ဦးနှောက်၏ လုပ်ဆောင်ချက်ကိုလည်း ပိုကောင်းစေ ကြောင်း၊ ပိန်းဥမှာပါရှိသည့် Cryptoxanthin ကအဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း၊ အမျှင်ဓာတ် ပါဝင်မှုမြင့်မားသောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးပြုသောကြောင့် အစာချေဖျက်နိုင်အား ပိုကောင်းစေကြောင်း၊ အမျှင်ဓာတ်က အူတွင်းအစာချေ လှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းမှန်စေ၍ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းကိုလည်း ကာကွယ်ပေးပြီး၊ အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်း အင်ဆူလင်နှင့် ဂလူးကို့စ်ဓာတ်ထွက်ရှိမှုကို ထိန်းညှိပေးခြင်းကြောင့် ဆီးချို သွေးချိုဖြစ်နိုင်ခြေကိုလျော့ချပေးကြောင်း၊ ဗီတာမင်အီးနှင့် ဗီတာမင်အေ ပါဝင်သောကြောင့် အသားအရေကြည်လင်ဝင်းပစေပြီး ဆဲလ်ကျန်းမာပြီး အနာကျက်မြန်စေ၍ အမည်းစက်တွေကင်းစေပြီး အရေအကြောင်းများကို လျော့နည်းစေ၍ အသားအရေဝင်း လက်လှပစေကြောင်း၊ ပိန်းဥကိုစားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးနှင့် သွေးပေါင် ချိန်ထိန်းညှိရာတွင် အထောက်အကူပြုကြောင်း၊ အခွံမာပြီး အညိုရောင်သန်းကာ အတွင်းသာမှာ အဖြူရောင်၊ ပန်းရောင်(သို့) ခရမ်းရောင်ရှိသော ပိန်းဥများမှာ နှလုံးကျန်းမာစေကြောင်း စာပေများမှ လေ့လာဖတ်ရှု့ရသည်။
DOCA(မန္တလေး)
