Main menu

နိုဝင်ဘာလစတုတ္ထပတ်တွင် မန္တလေးပဲဇီးကွက်စျေးပိုမိုရရှိ

Powered by Drupal

        မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ  ပြည်တွင်းစားသုံးမှု များပြားသည့် ပဲတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် ပဲဇီးကွက်အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု   ၁၀၁၉၄၇၇ဧကဖြစ်ကြောင်း သိရှိရပါသည်။   

        မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ် နိုဝင်ဘာလစတုတ္ထ ပတ်အတွင်းဖြစ်ပေါ်သည့် ပေါက်စျေးမှာ ပဲဇီးကွက်(ဗမာ) ၃တင်းဝင်တစ်အိတ်လျှင်၄၅၀၀၀၀ ကျပ်နှင့် ၄၆၀၀၀၀ကျပ်၊တစ်ပိဿာလျှင် ၇၇၂၅ကျပ်နှင့် ၇၈၉၇ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူပေါက်ဈေးမှာ ၃တင်း ဝင်တစ်အိတ်လျှင်၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၄၉၇၉ကျပ်နှင့် ၅၁၅၀ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ချက် မန္တလေးစျေးကွက်တွင် ပဲဇီးကွက်စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)