
ညောင်ဦးမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်၊ မုန့်မျိုးစုံလုပ်ငန်းရှင်၊ မုန့်ဟင်းခါးနှင့်ခေါက်ဆွဲ လုပ်ငန်းရှင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်တို့အား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ယူထားသည့် ချေးငွေများ အပြေအကြေပေးဆပ်နိုင်ရေးကို တိုက်တွန်းနှိုးဆော်ရန်အတွက် ညောင်ဦးရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် အခါအားလျော်စွာ ပေးအပ်သောတာဝန်ကို ဆောင်ရွက်ရန်အတွက် (၁၉.၁၁.၂၀၂၅) ရက်နေ့ နေ့လည်(၁၄:၃၀) နာရီအချိန်၌ ညောင်ဦးမြို့နယ် တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များကို ကိုဗစ်-၁၉ သက်ရောက်မှု ကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေများ အကျိုးရှိစွာ အသုံးချရန် အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မတိုင်မီ ချေးငွေခွင့်ပြုထုတ်ပေးထားပြီး ချေးငွေရယူထား သော လုပ်ငန်းရှင်များက ချေးငွေပေးဆပ်နိုင်ရေး အတိုးနှင့်အရင်းကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အပြေအကြေပေးဆပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များအားတိုက်တွန်းနှိုးဆော်ပြီး ကတိပြုဝန်ခံချက်များ ရေးထိုးရယူရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
