Main menu

နိုဝင်ဘာလစတုတ္ထပတ်တွင် မန္တလေးမတ်ပဲစျေးကျဆင်းလျက်ရှိ

Powered by Drupal

        ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံစိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်မတ်ပဲ(ကျောက်စရစ်)၂၄၆၀၀၀ကျပ်နှင့် ၂၄၇၀၀၀ ကျပ်၊ မတ်ပဲ ၂၀၀၀၀၀ ကျပ်နှင့် ၂၂၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်)၄၁၀၀ကျပ်နှင့် ၄၁၁၇ ကျပ်၊ မတ်ပဲ ၃၃၃၃ ကျပ်နှင့် ၃၆၆၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (‌ကောင်း) ၅၃၃၃ကျပ်နှင့် ၅၅၀၀ ကျပ်၊ မတ်ပဲ(သစ်)၄၁၆၇ကျပ်နှင့် ၄၅၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)