
မန္တလေးစျေးကွက်သို့ နတ်တော်လဆန်းတွင် မန္တလေးတိုင်းဒေသကြီးရှိ၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှထွက်သည့် တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊ အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ကျပ်စျေး၊ ထုံးရည်စိမ်၍ အကြွပ်သီးအဖြစ်ရောင်းချရာတွင်အလုံး(ကြီး) ၅၀၀ ကျပ်နှင့် ၇၀၀ကျပ်၊ အလုံး(လတ်) ၃၀၀ ကျပ်နှင့် ၄၀၀ကျပ်တို့ဖြင့် အမျိုးအစား ခွဲခြား၍ရောင်းချကြောင်း သိရှိရပါသည်။ သစ်သီးမျိုးစုံရောင်းချသည့် ရတနာပုံစျေးရှိ စျေးသည်တစ်ဦး၏ပြောပြချက်အရ တည်သီးမှာ အစို(အခြောက်)အရောင်းသွက်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
