Main menu

မန္တလေးစျေးကွက်တွင် သစ်အယ်သီးစျေးငြိမ်လျက်ရှိ

Powered by Drupal

         စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှထွက်သည့် သစ်အယ်သီးများ နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဝင်ရောက်မှုလျော့နည်းလျက်ရှိပြီး၊ စျေးငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအားအစိမ်းအတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စားအစာအဖြစ် ရောင်းချခြင်းတို့တွေ့ ရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလ စတုတ္ထပတ်အတွင်း သစ်အယ်သီးလက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့်၂၈၀၀၀ကျပ်၊(လုံးသေး) ၂၀၀၀၀ကျပ်နှင့် ၂၃၀၀၀ကျပ် စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ရှမ်းစျေးရှိစျေးသည်တစ်ဦး၏ ပြောပြချက်အရယခင်နှစ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်းမြှင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)