Main menu

မန္တလေးစပျစ်သီးစျေးကွက် အနည်းငယ်မြင့်တက်လျက်ရှိ

Powered by Drupal

          မန္တလေးသစ်သီးစျေးကွက်သို့  နတ်တော်လဆန်းကာလအတွင်း စပျစ်သီးဝင်ရောက်မှု လျော့နည်းလာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရပါသည်။   ၂၀၂၄-၂၀၂၅   ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်း စပျစ်သီးစိုက်ပျိုးမှု ၃၇၀၅ ဧက၊ ရိတ်သိမ်းမှု  ၃၆၅၇ ဧက၊ အထွက်နှုန်း  ၅၅၃၉.၄၉ နှင့် အထွက်စုစုပေါင်း ၂၀၂၅၇၉၁၇ တင်းဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း  စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး)  ၁၅၀၀၀  ကျပ်နှင့် ၁၈၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၁၀၀၀ဝကျပ်နှင့် ၁၁၀၀၀ ကျပ်၊ စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးစျေးချိုရှိ သစ်သီးရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မန္တလေး)