Main menu

မန္တလေးစျေးကွက်တွင် ခရမ်းသီးစျေးအနည်းငယ်ကျ

Powered by Drupal

      မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ နတ်တော်လဆန်းအတွင်း ခရမ်းသီးမှာ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။  မန္တလေးတိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ စိုက်ပျိုးသည့်ခရမ်းသီးများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။   ၂၀၂၅ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း  ခရမ်းသီးတစ်ပိဿာလျှင်   လက္ကားစျေး ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/- ၊ လက်လီစျေး ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ နိုဝင်ဘာလတတိယပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ  သိရှိရပါသည်။  

DOCA(မန္တလေး)