
ဆောင်းဦးရာသီချိန်ဖြစ်သည့်အတွက် သခွားမွှေးသီးမှာ စျေးကွက်အတွင်း ဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ သခွားသီးသီးနှံမှာ ပြည်ပသို့တင်ပို့သည့် သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီး စိုက်ပျိုးမှု (၁၃၀၀)ဧကကျော်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း သခွားမွှေးသီးစျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ အလုံး (ရှည်) ၃၀၀၀ကျပ်နှင့် ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊ နတ်တော်လဆန်းကာလအတွင်း မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
