Main menu

မန္တလေးစျေးကွက်တွင် ဇီးဖြူသီးစျေးမြင့်တက်

Powered by Drupal

        မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်အသီးများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့်ဇီးဖြူသီးများ ဝင်ရောက်မှုလျော့နည်းကာ စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ၂၀၂၅  ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး (ကြီး) ၁၅၀၀ ကျပ်နှင့် ၁၇၀၀ကျပ်၊အလုံး(လတ်) ၁၂၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊ အလုံး(သေး) ၈၀၀ကျပ်နှင့် ၉၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှာ  အချဉ်သုတ်၍ ရောင်းချသူများမှ သုံးစွဲမှုများပြားသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သီရိမာလာစျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)