
စျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးအတွင်း တံတားဦးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့မှ ထွက်သည့်ထန်းပင်မြစ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှထွက်သည့် ထန်းပင်မြစ်များစတင်ဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း မုံရွာဒေသမှထွက်ရှိသည့် ရွံ့စေးကပ်သည့်ရုက္ခစိုးထန်းမြစ်မှာ အသားထူ၍ ဝယ်ယူသူများကြိုက်နှစ်သက်ကာ အခြားဒေသထွက်ထန်းပင်မြစ်ထက် စျေးအနည်းငယ်မြင့်ကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသည့် ထန်းပင်မြစ်စျေးနှုန်းများမှာ ၁စီး(၃၀ချောင်းပါ)လျှင် ၄၅၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်ဖြစ်ပေါ်လျက်ရှိပြီး မုံရွာရွံ့စျေးကပ်(ရုက္ခစိုး)များမှာ ဒီဇင်ဘာလမှစတင်ဝင်ရောက်မည်ဖြစ်ကြောင်း ထန်းပင်မြစ် ကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
