
မန္တလေးပန်းစျေးကွက်သို့ ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်တို့မှထွက်ရှိသည့် လီလီပန်းများ စတင်ဝင်ရောက်ျက်ရှိပြီး၊ နတ်တော်လအခါသမယကာလတွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော လီလီပန်းများမှာ အဖြူရောင်၊ပန်းရောင်၊ လိမ္မော်ရောင်၊ ချယ်ရီရောင်အမျိုးမျိုးတွေ့ရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း လက်လီစျေးအနေဖြင့် အပွင့်ကြီးတစ်ရိုး(၄ ပွင့်နှင့် ၇ ပွင့်ပါ) တစ်ခက်လျှင် ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ အပွင့်သေးတစ်စီး(၁၀ ခက်ပါ )လျှင် ၅၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့၊ စျေးချိုတော်ရှိ ပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။
DOCA(မန္တလေး)
