Main menu

နတ်တော်လတွင် အရောင်းသွက်သည့် ပုရစ်စျေးကွက်

Powered by Drupal

           မန္တလေးရေကြည်ညောင်ပင်စျေးရှိ ပုရစ်ဈေးကွက်သို့ နတ်တော်လအခါသမယအချိန်တွင်  မြစ်ကြီးနား၊ ရွှေကူ၊  ကသာ၊ မတ္တရာနှင့် ဆည်တော်လေးဒေသတို့မှ ရာသီစာပုရစ်များဝင်ရောက်မှု အနည်းငယ်လျော့ကျသွားပြီး၊  အရောင်းသွက်လျက်ရှိကြောင်း   သိရပါတယ်။  မန္တလေး‌မြို့၊ ရေကြည်ညောင်ပင်စျေးရှိ ပုရစ်စျေးကွက်တွင်၂၀၂၅ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း လက္ကားစျေးမှာ ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ်ထုပ်လျှင်   ပုရစ်(အမ) ၅၅၀၀၀ ကျပ်နှင့် ၅၈၀၀၀ ကျပ်၊ ပုရစ်(အထီး)၂၅၀၀၀ကျပ် နှင့် ၂၇၀၀၀ ကျပ်၊သဲပုရစ် ခေါ်ပဲပုရစ်(အကောင်သေး) (၂၀၀ပါ) တစ်ထုပ် လျင် ၁၅၀၀၀ကျပ်နှင့် ၁၆၀၀၀ ကျပ်၊ လက်လီစျေးမှာ ပုရစ်အကောင်ကြီး(၁၀၀)လျှင် ပုရစ်(အမ) ၂၈၀၀၀ကျပ်နှင့် ၃၀၀၀၀ ကျပ်၊ ပုရစ်(အထီး) ၁၄၀၀၀ ကျပ်နှင့်၁၅၀၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး) (၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ်လျက်ရှိပြီး၊ နိုဝင်ဘာလတတိယပတ်စျေးနှင့်  နှိုင်းယှဉ်ပါက ပုရစ်ဝင်ရောက်မှု လျော့နည်းသွားသော်လည်း စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)