Main menu

မန္တလေးစျေးကွက်အတွင်း သံပုရာသီးစျေးကျဆင်း

Powered by Drupal

           မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သံပုရာသီးနှင့် သံပုယိုသီးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း   ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ   သံပုရာသီး ၁၀ လုံး လျှင် ၁၂၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊သံပုယိုသီး ၁၀ လုံးလျှင် ၈၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်စျေးတို့ ဖြစ်ပေါ်လျက်ရှိပြီး၊ အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါသည်။  ဆောင်းရာသီဝင်စအချိန်ဖြစ်၍ သံပုရာသီးနှင့် သံပုယိုသီးမှာ  ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)