Main menu

နတ်တော်လအတွင်း မေမြို့ပန်းစျေးအနည်းငယ်မြင့်တက်

Powered by Drupal

           နတ်တော်လရာသီအခါသမယတွင် ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှ ထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှမေမြို့ပန်းများဝင်ရောက်မှုလျော့နည်းသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ မေမြို့ပန်း လက္ကားစျေး (အစီးကြီး) ၁စီးလျှင် ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးပန်းမျိုးစုံစျေးကွက်အတွင်း ဘုရားပွဲနှင့်အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ မေမြို့ပန်းမှာ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)