
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသော ဆန်စပါးဆိုင်ရာကုန်စည်ဒိုင်းများနှင့်အသင်းအဖွဲ့ များမှ စျေးကွက်စျေးနှုန်းကိုအပတ်စဉ်ထုတ်ပြန်မည့်အစီအစဉ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ ညှိနှိုင်းအစည်းအဝေးအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါ သည်။
DOCA (တနင်္သာရီ)
