
ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ပြင်ဦးလွင်မြို့မစျေးကြီးအတွင်း ရောင်းချ သောစျေးဆိုင်များအား နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စျေးကွက်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပါသည်။ ပြင်ဦးလွင်မြို့မစျေးကြီးအတွင်း ရောင်းချသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ၊ဘဲဥ၊ ဆန်၊ ဆီ၊ ကုန်စုံဆိုင်များအား စျေးနှုန်းကြီးမြှင့်ရောင်းချခြင်းမပြုရန်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များအနေဖြင့် ရောင်းချသောပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိသည့် ပစ္စည်းများကိုသာရောင်းချရန်၊ ဆန်ဆိုင်များအနေဖြင့်လည်း လစဉ်ထုတ်ပြန်သော သက်မှတ်ရည်ညွှန်း ဆန်စျေးများဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဗွီနိုင်းများ ချိတ်ဆွဲ၍ရောင်းချနိုင်ရေး၊ သက်မှတ်ရည်ညွှန်းစျေးထက်ကျော်လွန်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်ရောင်းဝယ်မှုဖြင့် အရေးကြီးကုန်စည်နှင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
