Main menu

“မုန်ညှင်းစိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

        ပြင်ဦးလွင်ဒေသတွင် ကျေးလက်နေဒေသခံ ပြည်သူများစိုက်ပျိုးသော မုန်ညှင်းစိမ်း၊ မုန်ညှင်းဖြူ၊ကြက်စိတ်မုန်ညှင်း၊ ဇွန်းမုန်ညှင်းစသည်ဖြင့် မိမိတို့အိမ်ဝန်းခြံများတွင် စိုက်ပျိုးလေ့ရှိကြပါသည်။စိုက်ပျိုးစရိတ်အရင်းအနှီးနည်းပြီး မိသားစုဝင်ငွေရရှိသော လုပ်ငန်းများအနက်မှ မုန်ညှင်းစိမ်း စိုက်ပျိုးလုပ်ကိုင်ခြင်းမှာ တစ်ခုအပါအဝင်ဖြစ်သည်။ မုန်ညှင်းစိမ်းကို မိုးအကုန်ဆောင်းဦးကာလများတွင် စိုက်ပျိုးပြီး ရက်ပေါင်း(၂၅-၃၀)ရက်ကြာလျှင် စတင်ခူးဆွတ်စားသုံးနိုင်ပါသည်။ မုန်ညှင်းကို အစီးလိုက်ရောင်းချခြင်း၊ အပင်လိုက်ခုတ်၍ ပိဿာချိန်ဖြင့်လည်း ရောင်းချကြကြောင်း၊ မုန်ညှင်းစိမ်းကို အချဉ်သိပ်၍ရောင်းချခြင်း၊ သိပ်ထားသောအချဉ်များကို စွန်တန်ခြောက်အဖြစ် ထုတ်ပိုးရောင်းချခြင်းများလည်း စီးပွားဖြစ်ရောင်းချလျက်ရှိပါသည်။ ပြင်ဦးလွင်ဒေသရှိ ပြည်သူများအနေဖြင့် အရင်းအနှီးနည်းပြီး အမြတ်အစွန်းရရှိသော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ဒေသခံများပိုမိုစိုက်ပျိုးလာကြပါသည်။ မုန်ညှင်းစိမ်းမှာ လူသားအကျိုးပြုဓါတ်များစွာရရှိပြီး မျက်စိကျန်းမာရေး၊ ကိုယ်ခံအားစနစ်၊အရိုးများကျန်းမာစေပြီး နာတာရှည်ရောဂါများကို ကာကွယ်ပေးပါသည်။ ယခုအချိန်တွင် မုန်ညှင်းစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၃၀၀၀-၄၅၀၀)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေပြီး ပြည်တွင်းရှိမြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)