Main menu

“ဈေးနှုန်းကျဆင်းလျက်ရှိသော ဂျူးမြစ်”

Powered by Drupal

        ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ မြစ်သားနှင့် စဉ့်ကိုင်မြို့များရှိ စျေးများသို့ အောင်ပန်း၊ ကလော၊ ရွာငံမြို့များမှ ဂျူးမြစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ဂျူးမြစ်များကို ရှမ်းပြည်နယ် အောင်ပန်းဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ဖောက်သည်စျေး အနေဖြင့် ယခင်လတွင်(၁)ပိဿာလျှင်(၇၀၀၀/-)ကျပ်အထိရောင်းချရပြီး ယခုနိုဝင်ဘာလ တတိယအပတ်တွင် ဂျူးမြစ်(၁)ပိဿာလျှင် (၅၀၀၀/-)ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်လထက် စျေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဂျူးမြစ်များဖြိုင်ဖြိုင်ထွက်ပေါ်သော ကာလဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ အိမ်ရှင်များအနေဖြင့် ဂျူးမြစ်ကို အချဉ်ရည်ဟင်း၊ ပဲပုပ်နှင့်ဂျူးမြစ်ကြော်၊ ဂျူးမြစ်ထောင်း၊ ကြက်ခြေထောက်ဂျူးမြစ်အဖြစ် အမျိုးမျိုးစားသုံးကြကြောင်း၊ ဂျူးမြစ်ကို ဟင်းသီးဟင်းရွက်အဖြစ်စားသုံးပေးခဲ့ရင် သွေးတိုး၊ အစာအိမ်အနာပေါက်ခြင်းနဲ့ ခန္ဓာကိုယ်အပူချိန် အလွန်မြင့်တက်ခြင်းတို့ကို လျော့နည်းစေကြောင်း၊ ဒါ့အပြင် ဖိုင်တိုစတာရောလ်၊ ဖီနောလ်၊ အက်စ်ကောဘစ် အက်ဆစ်နဲ့ အမျှင်ပမာဏမြင့်မားစွာပါဝင်ပြီး အဆီဓာတ်နည်းသည့်အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်သောကြောင့် ဂျူးမြစ်ကို စားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)