
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် နိုဝင်ဘာလ(၂၁) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ သီဟဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Onlin MyRo) တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅) နှင့် အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်များရောင်းချရာတွင် လစဉ်ထုတ်ပြန်သော သက်မှတ်ရည်ညွှန်း ဆန်စျေးများဖြင့် ရောင်းချရန်လိုအပ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
