Main menu

မြင်းခြံမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊ပဲပုပ်(ဆောင်း)စိုက်ပျိုးထားရှိမှု

Powered by Drupal

                     မြင်းခြံမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းရာသီ၌ ပဲပုပ်သီးနှံကိုလည်း အားထားစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စတင်ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်ကြောင်း၊ ယခုနှစ် ၂၀၂၅-၂၀၂၆ခုနှစ်တွင် ပဲပုပ်(ဆောင်း)စိုက်ပျိုးထားရှိမှု (၃၁၉၁)ဧကစိုက်ပျိုးထားကြောင်း၊ စီးမံကိန်းလျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးသွားမည်   ဖြစ်ကြောင်း၊ မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ယခင်နှစ် ၂၀၂၄-၂၀၂၅ခုနှစ်၌ ကာလတူစိုက်ပျိုးထားရှိမှုမှာ (၃၀၄၅)ဧက စိုက်ပျိုးထားရှိကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက် (၄၆)ဧက ပိုမိုစိုက်ပျိုးထားကြောင်း၊ ယခင်နှစ်အထွက်နှုန်းမှာ တစ်ဧကလျှင် (၁၂‌) တင်းခန့် ထွက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)