Main menu

မြင်းခြံမြို့နယ်၏ ၂၀၂၅/၂၀၂၆ပဲလွမ်း(ဆောင်း)စိုက်ပျိုးထားရှိမှု

Powered by Drupal

                                   မြင်းခြံမြို့နယ်သည် ပြောင်းပြာဆည်ရှိပြီး မိုးကောင်းသောက်ယာမြေများတွင်ဆေးရွက်ကြီး၊ ပဲမျိုးစုံ၊ ကြက်သွန်နီ‌နှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားလျက်ရှိရာ ပဲလွမ်းသီးနှံကို လည်း စိုက်ပျိုးထားကြောင်း၊ ပဲလွမ်းသီးနှံအား အရောင်ကိုလိုက်၍ ပဲလွမ်းဖြူ၊ ပဲလွမ်းနီ၊ ပဲစာဥ ဟုခေါ်ကြကြောင်း၊ ပဲလွမ်းသည် ရေငတ်ဒဏ်နှင့် မြင့်မားသောအပူချိန်ကိုခံနိုင်သည့် ပဲတစ်မျိုး ဖြစ်ကြောင်း၊ ဆောင်းပဲလွမ်းသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင်  ရိတ်သိမ်းထွက်ပေါ် မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မြင်းခြံမြို့နယ်၌ ပဲလွမ်း(ဆောင်း)စိုက်ပျိုးမှု (၉၃၅) ဧက စိုက်ပျိုးထားရှိကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ လျာထားချက် ပြည့်မီအောင် ဆက်လက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း၊ ပဲလွမ်းသီးနှံ စိုက်ပျိုးထားရှိမှုကို ထနောင်းတိုင်ရွာ၊ ပျော်ဘွယ်စံပြရွာ၊ တလုပ်မြို့ရွာ၊ ရွာသစ်ရွာ၊ ကွမ်းစိုက်ရွာနှင့် သင်ပြွန်းကျေးရွာများတွင် အများ ဆုံးစိုက်ပျိုးကြကြောင်း၊  တောင်သူများ အနေဖြင့် ပဲလွမ်းသီးနှံ အားရေဆင်း-၁မျိုးနှင့် ရေဆင်း-(၂) မျိုးကိုစိုက်ပျိုး ထားရှိကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၈-၉)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ နှံစားပြောင်း၊ ဝါသီးနှံတို့ဖြင့်တန်းကြားစနစ် စိုက်ပျိုးထားရှိကြောင်း ရာသီဥတုကောင်းပါက အထွက်နှုန်းကောင်း နိုင်ကြောင်း ပဲစိုက်တောင်သူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)