Main menu

အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

 

          ကယားပြည်နယ် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်းနှင့် ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။ အဆိုပါ လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် အစေ့ထုတ်ပြောင်း များကို စီးပွားဖြစ်အဓိကစိုက်ပျိုးကြသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ အစေ့ ထုတ်ပြောင်း စိုက်ဧကမှာ ၅၅၃၆၈ ဧက၊ ရိတ်ဧကမှာ ၄၆၄၇၃ ဧက၊ ၁ ဧကအထွက်နှုန်းမှာ ၆၅ တင်း ခန့်နှင့် စုစုပေါင်းအထွက်မှာ ၃၀၃၈၇၆၇ တင်းခန့်ထွက်ရှိပြီး အစေ့ထုတ်ပြောင်း ၁ ဧက စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်များအနေဖြင့် ၉၈၀၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပါကြောင်း သက်ဆိုင် ရာဌာနများ၏ စာရင်းများအရသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၁၁၀ ကျပ်ခန့် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ပြည်နယ်အတွင်းထွက်ရှိသည့် အစေ့ထုတ် ပြောင်းများကို တောင်ကြီးမြို့နှင့် ရန်ကုန်မြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး သယ်ယူ ကုန်ကျစရိတ်များအနေဖြင့် လွိုင်ကော်မြို့မှ တောင်ကြီးမြို့သို့  အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် ၁၀၀ ကျပ်ခန့်၊ လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင် ၂၃၀ ကျပ်ခန့် ကုန်ကျလျက်ရှိပါကြောင်း အစေ့ထုတ်ပြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)