
ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်းခြံမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများလုပ်ကိုင်ကြပြီး မိုးအစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးထားကြောင်း၊ အစေ့ထုတ် ပြောင်း (ဆောင်း)ကို အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ မတ်လ၊ ဧပြီလနှင့် မေလ တို့တွင်ရိတ်သိမ်း ထွက်ပေါ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လေးလကျော်ကြာမြင့်ကြောင်း သိရှိရသည်။ ဓါးကျွန်းကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ဂေါင်းကွဲရွာ၊ ပတ္တာကျေးရွာ၊ အနိမ့်၊ တလုပ်ကျေးရွာနှင့် တောပုကျေးရွာစသည်တို့တွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်တွင် အစေ့ထုတ်ပြောင်း (ဆောင်း) စိုက်ပျိုး ထားရှိမှု (၄၃၁၈) ဧက စိုက်ပျိုးထားကြောင်း၊ လျာထားဧကထက် ရာခိုင်နှုန်းပြည့်မီအောင် ဆက်လက် စိုက်ပျိုးနေပြီ ဖြစ်ကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရှိရပြီး၊ ရာသီဥတုကောင်း မွန်ပါက အထွက်နှုန်းကောင်းနိုင် ကြောင်းနှင့် ဆောင်းသီးနှံကို မြေအောက်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးရကြောင်း ပြောင်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၈၅)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလတွင် အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၂၃၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ အစေ့ထုတ်ပြောင်းများ ထွက်ပေါ်ချိန်တွင် ရန်ကုန်မြို့သို့ အဓိက တင်ပို့ကြောင်း ပွဲရုံလုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)
