Main menu

မြင်းခြံမြို၏ ချဉ်ပေါင်သီးဈေးနှုန်း      

Powered by Drupal

                မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စားဖိုဆောင်သီးနှံဖြစ်သော ချဉ်ပေါင်သီးနှံကိုလည်း ယာခင်းများတွင် သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြခြင်း၊ သီးသန့် ပက်ကြဲစနစ်ဖြင့် လည်းကေင်း စိုက်ပျိုးကြကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးတို့တွင် အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြား ချက်အရ သိရပါသည်။ ချဉ်ပေါင်သီးကို ငရုတ်သီးဖြင့်ထောင်းစား၍ လည်းကောင်း၊ ချဉ်ပေါင်ဟင်း ချက်စား၍လည်းကောင်း၊ အမဲသားနှင့် ငပိချက် ချက်စား၍လည်းကောင်း စားသုံးခြင်းကြောင့် လူကြိုက်များပြီး အရောင်းအဝယ်သွက်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခု နိုဝင်ဘာလ ပထမ ပတ်တွင် ချဉ်ပေါင်သီးများ ခူးဆွတ်ရာသီဖြစ်ပါသဖြင့် ဈေးနှုန်းမှာ (၁၀)ကျပ်သား လျှင်  (၁၀၀၀) ကျပ်နှင့် တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဈေး ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)