
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပြည်ပပို့ကုန် သီးနှံထွက်ကုန် များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးဆွေးနွေး ပွဲအား နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးယိုင်းခန့်ညားနှင့် စားသုံးသူရေးရာဦးစီးဌာ၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်တို့က အဖွင့်အမှာစကားများ ပြောကြား ခဲ့ပါသည်။ ညောင်ဦးမြို့နယ်တွင် အဓိကသီးနှံများဖြစ်သော မိုးစပါး(၁၆၆၄)ဧက၊ မိုးပဲမျိုးစုံ(၃၂၉၈၁)ဧက၊ မိုးဆီထွက်သီးနှံ(၁၆၇၇၆၃)ဧကတို့အား အကောင်အထည်ဖော်စိုက်ပျိုးခဲ့ပြီး ဆောင်းဆီထွက်သီးနှံအနေဖြင့် ဆောင်းမြေပဲလျားထား(၁၈၈၆)ဧက၊ ဆောင်းနှမ်း(၂၅၂၃)ဧက၊ ဆောင်းနေကြာ(၉၅၀၀)ဧက စိုက်ပျိုး နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ နေကြာမျိုးစေ့ထုတ် စံပြကွက်မှ တောင်သူများမျိုးကောင်းမျိုးသန့် သုံးစွဲရေးအတွက် ဆင်းရွှေကြာ-၂ မျိုးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးယိုင်းခန့်ညားနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် တို့က မျိုးများပေး အပ်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ က ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ စံပြကွက်တောင်သူများအား ပံ့ပိုးပစ္စည်းများပေးအပ်ခဲ့ပါကြောင်း၊ အဆိုပါနည်းပညာပေးဆွေးနွေးပွဲအား စိုက်ပျိုးသီးနှံထုတ်ကုန်များပန်းတိုင်အထွက်နှုန်းရရှိရေးအပြင်ထွက်ရှိလာသောသီးနှံများပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပန်းတိုင်အထွက်နှုန်ုးရရှိအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ခရိုင် မြေအသုံးချရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေးတာဝန်ခံ၊ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန် မှ ပဲတီစိမ်းသီးနှံ၊ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
