
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးရှိ စိုက်ပျိုးရေးကို အခြေခံသော မြို့လေးတစ်မြို့ဖြစ်ပြီး ကျေးရွာများ စားဖိုဆောင်သီးနှံများ အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြပြီး မြို့မစည်ပင်သာယာဈေးသို့ လာရောက်ရောင်းချကြပါသည်။ ငါန်းဇွန်မြို့ရှိ မြို့မစည်ပင်သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေးဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတတိယပတ်တွင် ဖြစ်ပေါ်နေသော သားငါး ဈေးနှုန်းများမှာ ဆိတ်သားတစ်ပိဿာလျှင် (၃၄၀၀၀ )ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၂၀၀၀ )ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၃၂၀၀၀ )ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင် (၂၈၀၀၀ )ကျပ်နှင့် ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၂၉၀၀၀ )ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
