Main menu

စပါးစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့်ဈေးနှုန်းအခြေအနေ

Powered by Drupal

       ကယားပြည်နယ် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်းနှင့် ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။ အဆိုပါ လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါးများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ စပါး(မိုး)စိုက်ဧကမှာ ၇၁၂၃ ဧက၊ ရိတ်ဧကမှာ ၂၅၂၃၆ ဧက၊ ၁ ဧကအထွက်နှုန်းမှာ ၆၇ တင်းခန့်နှင့် စုစုပေါင်း အထွက်မှာ ၁၇၀၈၈၄၅ တင်းခန့် ထွက်ရှိပြီး စပါး(မိုး) ၁ ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များအနေဖြင့် ၈၃၀၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပါကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်နေသော စပါးဈေးနှုန်းမှာ ရွှေရင်အေး စပါး(အဟောင်း) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ တစ်တင်းလျှင် ၂၃၄၀၀ ကျပ်ခန့်၊ ရွှေအပ်စပါး (အဟောင်း) တစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ တစ်တင်းလျှင် ၂၀၈၀၀ ကျပ်ခန့်၊ ရွှေအပ်စပါး (အသစ်) တစ်ပိဿာလျှင် ၁၄၀၀ ကျပ်၊ တစ်တင်းလျှင် ၁၈၂၀၀ ကျပ်ခန့် ဖြင့်အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း ဆန်စက်ပိုင်ရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)