
ဟင်းခက်အမွှေးအကြိုင်ဖြစ်သော စားဖိုဆောင်အုပ်စုဝင် ရှမ်းနံနံသည် အေးမြပြီးစိုထိုင်းသော ရာသီဥတုကိုနှစ်သက်၍ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်မြို့များတွင် အဓိကစိုက်ပျိုးကြကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ရှမ်းနံနံများကို မန္တလေးမြို့နှင့်ပြင်ဦး လွင်မြို့တို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရှမ်းနံနံတစ်စီးလျှင် (၄၀၀-၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါကယခုလတွင် ရှမ်းနံနံ တစ်စည်းလျှင် (၁၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ အသားငါးများကြော်ချက်ရာတွင် ဟင်းခက်အမွှေးအကြိုင်အဖြစ်သုံးစွဲမှုများသောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ကျန်းမာရေးအနေဖြင့် ကိုယ်ခံ အားစနစ်ကိုမြှင့်တင်ပေးပြီး ရောဂါပိုးမွှားများကို တိုက်ဖျက်၍ အရိုးကိုသန်မာစေခြင်း၊ ကိုယ်ခံအား ကိုမြှင့်တင်ပေးခြင်း သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးခြင်း၊ ဆီးချိုရောဂါကာကွယ်ကြောင်း၊ စားသုံးမှုအနေဖြင့် ရှမ်းခေါက်ဆွဲ၊ အသုပ်နှင့် ဟင်းချိုများတွင် လတ်ဆတ်သော ရှမ်းနံနံများကို အသုံးပြုကြကြောင်းသိရသည်။
DOCA(မန္တလေး)
