
ကြက်သွန်ချဉ်သည် အရသာရှိပြီး အစာခြေစနစ်အတွက်ကောင်းမွန်သော အစားအစာ တစ်ခုဖြစ် ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ကြက်သွန်ချဉ် ၂၅ ကျပ်သား တစ်ထုတ်လျှင် ၁၇၀၀ ကျပ်၊ တစ်ပိဿာလျှင် (၆၅၀၀) ကျပ်ပေါက် ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ကြက်သွန်ချဉ် ၂၅ ကျပ် သားလျှင် (၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်း များကျဆင်းခဲ့ကြောင်း၊ ကုန်ကြမ်းကြက်သွန်နီများ ဈေးနှုန်းကျဆင်းသောကြောင့် ကြက်သွန်ချဉ်ဈေးများ ကျဆင်းခြင်း ဖြစ်ကြောင်း၊ စားသုံးမှုများသောကြောင့် ရောင်းအားလည်းကောင်းကြောင်း ကြက်သွန်ချဉ် ရောင်းချသူ တစ်ဦး၏ပြောပြချက် အရသိရှိရသည်။ ဒေသတွင်းရောင်းချသောကြက်သွန်ချဉ်များကိုပခုက္ကူ၊မုံရွာနှင့်တို့မှမှာယူရောင်းချကြောင်းသိရှိရသည်။စားသုံးမှုအနေဖြင့် ကြက်သွန်ချဉ်သည် probiotics ပါဝင်သဖြင့် အူမှအကျိုးပြု ဘက်တီးရီးယာများကို အားဖြည့်ပေးပြီး အစာခြေစနစ်ကို ကောင်းမွန်၍ ကိုယ်ခံအားကို မြှင့်တင်ပေးကြောင်း၊ သွေးတွင်းဂလူးကို့စ်ကိုထိန်းညှိပေးနိုင် သောကြောင့် ဆီးချို ရောဂါရှိသူများ စားသုံးသင့်ကြောင်း၊ ကြက်သွန်ချဉ်ကို ထမင်းနှင့်တွဲဖက် ၍သော်လည်းကြောင်း၊ ရှမ်း-ဆန်စီး စသည်များနှင့် တွဲဖက်၍စားသုံးနိုင်သလို စွပ်ပြုတ်၊ ခေါက်ဆွဲပြုတ်ချိုများနှင့် လည်းစားသုံး နိုင်ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
