
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ (ဘိုကိတ်)ခေါ် ပဲလွန်းပြာသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ပဲလွန်းပြာသီးနှံကို ညောင်ဦးမြို့နယ်တွင် (၂၀၂၅-၂၀၂၆) စိုက်ပျိုးရာသီတွင် (၁၆၄)ဧက၊ စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းအရသိရသည်။
ပဲလွန်းပြာသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်လညလတွင် ရိတ်သိမ်းရ ကြောင်း စိုက်ပျိုးသောမျိုးမှာ ဒေသမျိုးကိုသာ စိုက်ပျိုးကြကြောင်း စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် (၂)ပေ ခြားစိုက်ပျိုးပြီး တစ်ဧကကုန်ကျမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ငွေကျပ်( ၃၀၀၀၀၀)ကျပ် ခန့်ကုန်ကျကြောင်း၊ ယခင်နှစ် အထွက််နှုန်းအနေဖြင့် (၁၄/၁၅) တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ပဲလွန်းပြာသီးနှံပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် (၈၀၀၀၀) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ (၈) သိန်းကျော်ခန့် အမြတ်ရရှိကြောင်း၊ ယခုနှစ် ပဲလွန်းပြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဈေးကွက်အနေဖြင့် ဒေသတွင်းအကြော်လုပ်ငန်းများ၊ ကောက်ညှင်းပေါင်းဈေးသည်များနှင့် ပွဲရုံများသို့ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း ပဲလွန်းပြာစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA(မန္တလေး)
