Main menu

ငါန်းဇွန်မြို့နယ် မြို့မစည်ပင်သာယာဈေးရှိ ဆန်/ဆီဈေးနှုန်း

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်ပြီး စပါးကို ဒေသတွင်းစားသုံးရန်အတွက် စိုက်ပျိုးကြောင်း၊ဆီထွက်သီးနှံ ဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ငါန်းဇွန်မြို့ရှိ မြို့မစည် ပင်သာယာဈေးသည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(၂၄)ပြည် တစ်အိတ်လျှင် (၁၇၀၀၀၀)ကျပ်၊ ဧရာပဒေသာ (၂၄)ပြည် တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ မနောသုခ (၂၄)တစ်အိတ်လျှင် (၉၀၀၀ )ကျပ်၊ ပဲဆီ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာလျှင်(၇၇၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)