
မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများ၊ သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာသည် ချိုဆိမ့်အရသာရှိပြီး ပဲဟင်း ရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ ချက်စားလျှင်လည်းကောင်း အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ် ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ(၁)ဘူးလျှင် ၁၅၀၀/-ကျပ်၊ တစ်ပြည်လျှင် ၁၂၀၀၀/- ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
