
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာရှိ တောင်သူဦးကြီးများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင်ဒေသနွားနှင့် မေထုံနွားများ မွေးမြူ၍ နွားနို့များညှစ်ကာ မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိစေရန် ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည် ။
မေထုံနွားမ တစ်ကောင်ကို တစ်နေ့လျှင် နို့ပိဿာ ၇ ပိသာခန့်ထွက်ရှိပြီး ဒေသနွားမတစ်ကောင်က ၃ ပိဿာခန့် ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ဒေသထွက် နွားနို့(၁)လီတာ(၁)ဘူးလျှင် ငွေကျပ် ၁၈၀၀/- မှ ၂၀၀၀/- ကျပ်၊ မေထုံနွားနို့(၁)လီတာ(၁)ဘူးလျှင် ကျပ် ၁၆၀၀/- မှ ၁၈၀၀/- ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချနေပြီး လက်ဖက်ရည်ဆိုင်များ၊ နွားနို့ကြိုက်နှစ်သက်သူများက နေ့စဉ်ဝယ်ယူသည့်အတွက် မိသားစုနေ့စဉ်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း နွားနို့ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
