Main menu

“ရာသီပေါ်ပဲမြစ်များဈေးကောင်းရ”

Powered by Drupal

              ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်ဒေသများတွင် ရာသီချိန်သီးနှံအဖြစ် ပဲမြစ်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ကျေးရွာများရှိတောင်သူများသည် ပဲမြစ်ကို နှစ်စဉ် စဉ်ဆက်မပြတ် စိုက်ပျိုးလာကြပါသည်။ စိုက်ပျိုးထွက်ရှိလာသော ပဲမြစ်များသည် အရသာစိမ့်ပြီး စေးပိုင်နေသော ကြောင့် ဆောင်းရာသီပဲမြစ်ပေါ်ချိန်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ဒေသထွက် ပဲမြစ်များမှာ လူသိထင်ရှားပြီး စားသုံးသူအဝယ်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ထွက်ရှိလာသော ပဲမြစ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အနယ်နယ်အရပ်ရပ်ရှိ မြို့ကြီးများသို့ ရောင်းချလျက်ရှိကြောင်း၊ ပဲမြစ်စိုက်ပျိုးရာတွင် တောင်သူအများစုမှာ နှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုး၍ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် တူးဖော်ရောင်းချလျှက်ရှိပါသည်။ စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးပြီး မျိုးအနေဖြင့် (၁)ဧကလျှင် နှစ်တင်းခွဲ နှုန်းကုန်ကျကြောင်း၊ ပဲမြစ်မျိုးကို မလှိုင်မျိုးနှင့် ဝက်ဝံမျိုးများကို အများဆုံးစိုက်ပျိုးပြီး တစ်တင်းလျှင် (၂၅၀၀၀၀-၃၀၀၀၀၀)ကျပ်ရှိကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၁၅၀၀၀၀၀/-) ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှပိဿာ (၇၀၀-၈၀၀)ပိဿာခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ပဲမြစ်ဈေးနှုန်းအနေဖြင့် စတင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ရှိဖြင့် ဈေးကောင်းရလျက်ရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၂၅၀၀၀၀၀/-) ကျပ်ဝန်းကျင်ခန့် အမြတ်ရရှိကြောင်း ပဲမြစ်စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တ‌လေး)