Main menu

“မြစ်သားမြို့နယ်၌ မိုးနှောင်း ချည်မျှင်ရှည်ဝါများစတင်ရိတ်သိမ်း”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့်ငရုတ် သီးနှံများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး လူတို့အသုံးအဆောင်ဖြစ်သော အဝတ်အထည်များ ယက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ခရိုင်အတွင်း မိုးနှောင်းဝါ စိုက်ဧက (၄၀၉၃)ဧက စိုက်ပျိုးခဲ့ပြီး (၈၇၅)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရသိရှိရပါသည်။ ဝါစိုက်ပျိုးသောရွာများမှာ ဒိုင်းမြနဒီ၊ မှက္ခရာ ၊ ဆင်သည် ၊ သပြေတောင်းရွာများ၌ အများဆုံးစိုက်ပျိုးကြပါသည် ။ ဝါစိုက်ပျိုးရာတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုး ကျကြောင်း ၊ ဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆ ၊ ရွှေတောင် - ၈ မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးထုပ်(၂-၃)ထုပ် အထိ ကုန်ကျကြောင်း ၊ မျိုး(၁)ထုပ် စျေးနှုန်း အနေဖြင့် (၆၄၀၀၀-၆၉၀၀၀)ကျပ် စျေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျပြီး (၁)ဧက အထွက်နှုန်း အနေဖြင့် ပိဿာ(၄၀၀-၅၀၀)ပိဿာခန့် ထွက်ရှိကြောင်း ၊ ဝါစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ဝါ(၁)ပိဿာလျှင်(၃၂၀၀/-)ကျပ်၊ယခုလက်ရှိပေါက်စျေးဝါအသစ်(၁)ပိဿာလျှင်(၃၅၀၀-၃၈၀၀)ကျပ်၊ ဂွမ်းအသစ် (၁)ပိဿာလျှင် (၈၉၀၀-၉၀၀၀)ကျပ် ၊ အရည်အသွေးကောင်းမွန်သော ဝါအသန့် (၁)ပိဿာလျှင်(၄၁၀၀)ကျပ်၊ ဂွမ်းအကောင်း(၁) ပိဿာလျှင် (၉၈၀၀-၁၀၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း ၊ စျေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများဖြစ်သော ကူမဲမြို့ ၊ အောင်ကမ္ဘာပွဲရုံသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ဝါစက်များ၊ ချည်မျှင်ယက်ကန်းရုံများနှင့် မန္တလေးစက်မှုဇုံ(၁)သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊အကျိုးအမြတ်အနေဖြင့်စိုက်ပျိုးစရိတ် နှုတ်ပြီး(၉၀၀၀၀/-)ခန့်မြတ်ကြောင်း ၊ ဝါအထွက်နှုန်းကောင်းမွန်ရန် နှင့် တောင်သူအကျိုးအမြတ်ပိုမို ဖြစ်ထွန်းရန်အတွက် မျိုးရိုးဗီဇမှန်ကန်‌သောမျိုးများ နှင့် စုပ်စားပိုးဒဏ်ခံနိုင်သောမျိုးများ အာမခံချက် ပေးနိုင်ရန် သက်ဆိုင်ရာဌာန၏ ပံ့ပိုးမှုများ လိုအပ်လျှက်ရှိကြောင်း ဝါစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တ‌လေး)