Main menu

“ကျောက်ဆည်မြို့နယ်၏နနွင်းစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၄င်းသီးနှံများ အနက် နနွင်းသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည် ။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် နနွင်းစိုက်ဧက(၉၉၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရှိရပါသည်။ ယခုအချိန် နနွင်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ နနွင်း စျေးနှုန်းအနေဖြင့် ယခင်နှစ် နနွင်းတက်တစ်ပိဿာလျှင် (၉၅၀၀/)ကျပ်၊နနွင်းခေါင်းတစ်ပိဿာလျှင် (၈၀၀၀/-)ကျပ် ၊ နနွင်းမှုန့်နို့ဆီဗူးတစ်ဗူးလျှင် (၁၅၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ ပြီး ယခုအချိန်တွင် နနွင်းများထွက်ပေါ်ခြင်း မရှိသေးသော်လည်း စျေးနှုန်းအနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၈၅၀၀/)ကျပ် ၊ နနွင်းခေါင်း တစ်ပိဿာလျှင် (၈၀၀၀/-)ကျပ် ၊ နနွင်းမှုန့်နို့ ဆီဗူး တစ်ဗူးလျှင်(၂၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နနွင်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တ‌လေး)