Main menu

“မန်ကျည်းသီးမှည့်အသစ်များဈေးကွက်အတွင်းဝင်ရောက်မှုနည်းသောကြောင့် ဈေးနှုန်းမြင့်တက်”

Powered by Drupal

               မြန်မာနိုင်ငံတွင် မန်ကျည်းပင်များ ပေါများလာသည်နှင့်အမျှ မန်ကျည်းသီး ၊ မန်ကျည်းဖူး ၊ မန်ကျည်းရွက်နုတွေကို လူတော်တော်များများ နှစ်သက်စွာစားသုံးကြကြောင်း ၊ မြန်မာ့ရိုးရာ ဆေးနည်းမှာ မန်ကျည်းတစ်ပင်လုံးက ပစ်စရာမရှိအောင် အသုံးဝင်ကြောင်း ၊ အိမ်ရှင်မများ ဟင်းချက်ရာတွင် ပုံစံမျိုးစုံဖြင့် အသုံးပြုကြကြောင်း ၊ မန်ကျည်းသီးမှည့် သီးသန့်ပဲဖြစ်ဖြစ်၊ ဟင်းအနှစ် အဖြစ်လည်း ချက်စားကြသလို ဖျော်ရည်အဖြစ်လည်း သောက်သုံးကြကြောင်း ၊  ချဉ်ရည်ဟင်း ၊ အကင်အမျိုးမျိုးအတွက် အချဉ်ပြုလုပ်ခြင်းတို့တွင်လည်းအသုံးပြုကြောင်း ၊ မန်ကျည်းသီးမှည့်သည် အရသာ ထိမိရုံသာမက ကျန်းမာရေးကောင်းကျိုးများလည်း များစွာရှိကြောင်း ၊ မန်ကျည်းသီးမှည့် စားသုံးခြင်း ဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း ၊ သွေးဖိအားကို မျှတစေခြင်း ၊ အသည်းအဆီ ဖုံးခြင်းကို ကာကွယ်ပေးခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများစွာ ရရှိကြောင်း၊ ထောင်းပြီးငပိနှင့် ချက်စားခြင်းအပြင် ပုဇွန်ဆိတ် ၊ ပုဇွန်ဆီ ၊ ငါးပိကောင်များဖြင့်လည်း ချက်စားလေ့ရှိကြောင်း ၊ မန်ကျည်းသီး ဈေးနှုန်းအနေဖြင့် ယခင် မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုအချိန်တွင် မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၂၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသောကြောင့် ယခင်လနှင့်နှိုင်းယှဉ်ပါက (၂၀၀၀/-)ကျပ်အထိ စျေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)