
မိတ္ထီလာမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြပြီး ချဉ်ပေါင်ပင် များကိုလည်း တနိုင်တပိုင်မှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြသည်။ ချဉ်ပေါင်ပင် စိုက်ပျိုးခြင်းသည် ချဉ်ပေါင်ရွက်များကို တနှစ်ပတ်လုံးရောင်းချနိုင်သကဲ့သို့ ချဉ်ပေါင်သီး(ခေါ်) ဘိလပ်သီးသည်လည်း တနှစ်လျှင် တစ်ကြိမ်မျှသာသီးသောကြောင့် ချဉ်ပေါင်သီး(ခေါ်)ဘိလပ်သီး ပေါ်ချိန်တွင်လည်း ဈေးကောင်း ရခြင်းဖြင့် အကျိုးမြတ်ရရှိကြောင်းသိရသည်။ ယခုနိုဝင်ဘာလတွင် ချဉ်ပေါင်သီး (ခေါ်) ဘိလပ်သီး ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် ၁၅၀၀ ကျပ်နှင့် (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ချဉ်ပေါင်သီး (ခေါ်) ဘိလပ်သီးသည် ယခုအခါ ရာသီစာဖြစ်၍ လူအများဝယ်ယူ၍ ယခုအခါ အရောင်းသွက်နေကြောင်း ဈေးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
