Main menu

သာကေတမြိုု့နယ်ရှိ ဆန်သိုလှောင်ရုံးများအား  (My RO) မှတ်ပုံတင်ထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ (၂၀.၁၁.၂၀၂၅) ရက်နေ့တွင် သာကေတမြို့နယ်ရှိ ဆန်သိုလှောင်ရုံများသို့သွားရောက်၍ အွန်လိုင်း(Myro)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဆန်အိတ်များစနစ်တကျ သိုလှောင်ထားရှိမှုများဆောင်ရွက်ထားခြင်းနှင့် အရည်အသွေးပြည့်မှီခြင်းရှိ/ မရှိ၊ မြန်မာနိုင်ငံဆန်စပါးသိုလှောင်မှတ်ပုံတင်ဆောင်ရွက်ထားရှိခြင်းရှိ/ မရှိ၊ စစ်ဆေးခဲ့ပြီး  ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက်သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www .myro.Com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)