
ရွှေဘိုမြို့ရှိဈေးများတွင် သစ်သီးဝလံများ၊ အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များကို ရောင်းချလျက်ရှိရာ ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ရှမ်းနံနံ၊ ဖက်ဖယ်ရွက်၊ စပါးလင်၊ ပင်စိမ်းနှင့် တရုတ်နံနံများကို ရောင်းချလျက်ရှိပါသည်။ ဟင်းခတ်အမွှေးအကြိုင်များမှာ နေ့စဉ်ချက်ပြုတ် စားသောက်သည့် စားသုံသူများသာမက စားသောက်ဆိုင်များ၊ အကင်ဆိုင်များ၊ ထမင်းဆိုင်များမှလည်း ဝယ်ယူကြသည့်အပြင် ငါးကင်၊ ငါးပေါင်းရောင်းချသည့် ဆိုင်များမှလည်း အများဆုံးဝယ်ယူကြကြောင်း၊ ဟင်းခတ်အမွှေးအကြိုင်များကို အခြားမြို့များမှ သယ်ယူရောင်းချစရာလိုဘဲ ရွှေဘိုမြို့နယ်မှ ထွက်ရှိသည့် အပင်များဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ် နိုဝင်ဘာလ (တတိယ) ပတ်တွင် ဖြစ်ပေါ်နေသော ဟင်းခတ်အမွှေးအကြိုင်များမှာ ရှမ်းနံနံ (၅)ပင်ပါ (၁)စည်းလျှင် (၅၀ဝိ/-) ကျပ်၊ ဖက်ဖယ်ရွက် (၅)ပင်ပါ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်၊ စပါးလင် (၅)ပင်ပါ (၁)စည်းလျှင် (၅၀ဝိ/-) ကျပ်၊ ပင်စိမ်း(လက်တစ်ပုံစာ) (၁)ထုပ်လျှင် (၃၀ဝိ/-)ကျပ်နှင့် တရုတ်နံနံ (၅)ပင်ပါ (၁) စည်းလျှင် (၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
