
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စား သုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရှိ အမေကြီးဒေါ်တင်အိ ပေါင်းတင် လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပေါင်းတင်းကို ရောင်းချသည်မှာ နှစ်(၄၀)ရှိပြီဖြစ်ကြောင်း၊ မိဘ၏လက်ငုတ်လုပ်ငန်းဖြစ်သည့် ပေါင်းတင်းလုပ်ငန်းကို ယခုအချိန်ထိ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။
ထုတ်လုပ်သည့် ပေါင်းတင်းအမျိုးအစားနှင့် ကုန်ကြမ်းရရှိမှုအခြေအနေ
အုန်းပေါင်းတင်း၊ ပဲပေါင်းတင်းနှင့် ငှက်ပျောပေါင်းတင်းများပြုလုပ်ရောင်းချပြီး ကုန်ကြမ်း အနေဖြင့် ကောက်ညှင်းဆန်၊ တင်းဝါး၊ တစ်လပဲ၊ အုန်းသီး၊ ရခိုင်ငှက်ပျောသီး၊ ဆီနှင့် ဆားများကို အသုံးပြုရကြောင်းသိရှိရပါသည်။ ပေါင်းတင်းပြုလုပ်ရန်အတွက်လိုအပ်သည့် တင်းဝါးနှင့် ကောက် ညှင်းဆန်များကို ကောလင်းမြို့မှဝယ်ယူရကြောင်း၊ ဝယ်ယူရသည့် ကုန်ကြမ်းပစ္စည်းဈေးနှုန်းများမှာ (၁)ဆစ်ဖြတ်ဖြတ်ထားသည့် တင်းဝါးအလုံးရေ(၅၀)ပါ(၁)စည်းလျှင် (၃၅၀၀ဝိ/-) ကျပ်ဖြင့် ဝယ်ယူ ကြကြောင်း၊ ကောက်ညှင်းဆန်းအဟောင်းဈေးနှုန်းမှာ (၂၄)ပြည်ဝင် (၁)အိတ်လျှင် (၂၈၀၀၀ဝိ/-) ကျပ်ဈေးနှုန်းရှိပြီး ယခုအချိန်တွင် ကောက်ညှင်းဆန်မှာအသစ်များပေါ်ပြီဖြစ်၍ (၂၄)ပြည်ဝင် (၁) အိတ်လျှင်(၂၀၀၀၀ဝိ/-)ကျပ်ဖြင့် ဝယ်ယူရကြောင်းသိရှိရပါသည်။ အုန်းပေါင်းတင်းနှင့်ပဲပေါင်း တင်း ကို ကောက်ညှင်းဆန်အဖြူနှင့် ငချိတ်တို့ဖြင့်ပြုလုပ်ရောင်းချပြီး ငှက်ပျောပေါင်းတင်းကို ကောက် ညှင်းဆန်အဖြူတစ်မျိုးတည်းဖြင့်သာ ပြုလုပ်ရောင်းချကြကြောင်း၊ ပေါင်းတင်းရောင်းချရာတွင် အ လေးချိန်ဖြင့်ရောင်းချကြပြီး တစ်ဖြတ်၏အလေးချိန်ရှိသလောက်ဝယ်ယူ၍ရရှိသည့်အပြင် အစိတ်အ သားအနည်းဆုံးဝယ်ယူ၍ရကြောင်း၊ ပေါင်းတင်းရောင်းချသည့်ကာလမှာ နှစ်စဉ် စက်တင်ဘာလမှ စတင်ရောင်းချပြီး မတ်လ၊ ဧပြီလအထိရောင်းချကြကြောင်း သိရှိရပါသည်။
ပေါင်းတင်းပြုလုပ်ပုံအဆင့်ဆင့်
ကောက်ညှင်းဆန်အဟာင်းကို အသုံးပြုပါက ရေ(၃)နာရီကြာအောင်စိမ်ထားရပြီး ကောက် ညှင်းဆန်အသစ်ကိုအသုံးပြုပါက ချက်ချင်းရေဆေးပြီး ပြုလုပ်၍ရကြောင်း၊ ၁ ဆစ်ဖြတ် ဖြတ်ထား သည့် တင်းဝါးထဲတွင် မိမိအသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများကိုထည့်ကာ ဆန်ကို လက်၁ဆစ်ချန်ပြီး ဝါးနှင့်အညီ ရေထည့်၍ မီးဖိုတွင်ပိုက်တန်းတင်ကာ မျက်နှာချင်းဆိုင်ထောင်၍ မီးဖုတ်ရကြောင်း၊ ကောက်ညှင်းဆန် (၁၅)ပြည်အသုံးပြုလျှင် ပေါင်းတင်းအလုံးရေ(၈၀) မီးဖုတ်ရကြောင်း၊ ပေါင်းတင်း ဖုတ်ရာတွင် လက်ဝင်ကြောင်း၊ မီးကြီးခဲဖြင့် အနှပ်ညီအောင် လှည့်၍ နှပ်ပေးရကြောင်း၊ ပေါင်းတင်း (၁)ခါဖုတ်လျှင် အချိန်(၃)နာရီခန့်ကြာမြင့်ကြောင်း၊ နေ့စဉ်လုပ်သား (၁)ဦးမှ (၂)ဉီးဌားရမ်းရကြောင်း၊ ပေါင်းတင်းအလုံး(၈၀)တန်း (၁)တန်းလျှင် (၂၀၀၀ဝိ/-)ကျပ်ဖြင့် ဌားရမ်းရကြောင်း သိရှိရပါသည်။
ရောင်းချသည့်ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ
အုန်းပေါင်းတင်း(၁)ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ငချိပ်ပေါင်းတင်း (၁)ပိဿာလျှင် (၂၂၀၀ဝိ/-)ကျပ်နှင့် ဌက်ပျောပေါင်းတင်း (၁)ပိဿာလျှင် (၂၄၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပေါင်းတင်းကို ရွှေဘိုမြို့တွင်သာမက မြို့အနီးရှိကျေးရွာများလည်း ဝယ်ယူကြသည့်အပြင် ယခု လက်ရှိအချိန်တွင် ကားနေ့ချင်းရောက်သည့် မန္တလေးမြို့နှင့်မုံရွာမြို့များကိုလည်း ပို့ပေးရကြောင်း၊ ယခင်က ရွှေဘိုတွင် ကားဂိတ်ရှိသည့် မြို့များဖြစ်သည့် နေပြည်တော်၊ မြစ်ကြီးနား၊ မိုးကုတ်နှင့် ရန်ကုန်မြို့စသည့် မြို့အနှံ့ရောင်းချကြောင်း၊ နယ်ဝေးပို့ရသည့်အချိန်တွင် ပေါင်းတင်းဝါး နှင့်ပီနံအိတ် ကို ကွတ်တိထည့်ပြီး ပီနံအိတ်ခေါက်ကာ လေပေါက်ဖောက်၍ ကြိုးနှင့်ချည်ပြီး တိပ်နှင့် ကပ်ကာ ပို့ပေးကြောင်း၊ ရာသီဉတုအခြေအနေပေါ်မူတည်၍ (၃)ရက်မှ(၅)ရက်အထိ အထားခံကြောင်း၊ ရွှေ ဘိုမြို့တွင် ပေါင်းတင်းကို အုန်းပေါင်းတင်ဟူ၍ ခေါ်ဆိုပြီး မန္တလေးမြို့တွင် ခဲတံချောင်းဟု ခေါ်ဆို ကြကြောင်း သိရှိရပါသည်။
အကြံပြုတင်ပြချက်
ပေါင်းတင်းကို ရာသီစာအဖြစ်စားသုံးရန်၊ လက်ဆောင်ပေးရန်နှင့် လှူဒါန်းရန်အတွက် အများဆုံးဝယ်ယူကြကြောင်း၊ ပေါင်းတင်းသည် တစ်နှစ်ပတ်လည်လုံးပေါ်သည့် အစားအစာမဟုတ် ဘဲ ဆောင်းရာသီတွင်သာ တွင်တွင်ကျယ်ကျယ်ရောင်းချရသည့် ရာသီစာဖြစ်ကြောင်း၊ လူမျိုးမရွေး/ ဘာသာမရွေးစားသုံးနိုင်သည့် ပေါင်းတင်းကို ယခုထက်မက ပိုမိုကျယ်ပြန့်စွာ တင်ပို့ရောင်းချနိုင်ပါ က အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းစသည့် အကျိုးကျေးဇူးများရှိသည့်အပြင် ရွှေဘိုမြို့၏ ဒေသထွက်ကုန်အနေဖြင့် နိုင်ငံ၏စီးပွားရေးကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ခြင်း၊ မိ သားစုဝင်ငွေရရှိခြင်း၊ ကုန်ကြမ်းနှင့်ကုန်ချော ထုတ်လုပ်သည့်ဒေသရှိ ပြည်သူများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)
