Main menu

“ ခရမ်းချဉ်သီးဈေးမြင့်လာ ”

Powered by Drupal

            မိတ္ထီလာမြို့၊ မြို့မဈေးကြီးတွင် နိုဝင်ဘာလတတိယပတ်၌ ခရမ်းချဉ်သီးဈေးများ မြင့်တက် လာကြောင်းသိရသည်။ ခရမ်းချဉ်သီးမှာ ဒေသထွက်ခရမ်းချဉ်သီးများအဝင်နည်းလာခြင်းကြောင့် ဗမာသီးမှာ သိသိသာသာဈေးမြင့်လာပြီး၊ ထိုင်ဝမ်သီးမှာလည်း အနည်းငယ်ဈေးပိုလာပါသည်။ ဈေးကွက်သို့ မောက်တိုဘာလမှစ၍ ဒေသထွက်ခရမ်းချဉ်သီးများပါ ဝင်ရောက်လာရာ ဈေးကွက်သို့ အဝင်လှိုင်ခြင်းကြောင့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။ ယခုအခါ ဒေသထွက်ခရမ်းချဉ်များတွင် ဗမာခရမ်း ချဉ်သီး အနည်းငယ်တင်ရောက်မှုရှိပြီး ထိုင်ဝမ်သီးမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်မှုရှိသည့် အတွက် ဈေးမြင့်လာကြောင်းသိရသည်။ ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာလျှင် ယခင်တစ်ပတ်က ဗမာ ခရမ်းချဉ်မှာ (၅၀၀၀-၆၀၀၀) ကျပ်၊ ထိုင်ဝမ်သီးမှာ (၁၅၀၀-၂၀၀၀) ကျပ်ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာတော့ ဗမာခရမ်းချဉ်သီးမှာ (၇၀၀၀) ကျပ်၊ ထိုင်ဝမ်သီးမှာ (၂၀၀၀-၂၅၀၀) ကျပ် ဈေးရှိကြောင်း ဈေးကွက်မှ သီရသည်။

DOCA(မန္တ‌လေး)