
မိတ္ထီလာမြို့ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ပဲတောင့်ရှည်သီးများအရောင်းအဝယ်ပုံမှန်ရှိ သော်လည်း ဈေးမြင့်နေကြောင်းသိရပါသည်။ မိတ္ထီလာမြို့နယ်ရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး မိတ္ထီလာမြို့မဈေး ၊ ကုန်စိမ်းဈေး(ဘဲကန်) ၊ မြို့ပေါ်ရပ်ကွက်ဈေးများတွင် ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ ပဲတောင့်ရှည်သီးသည် တစ်နှစ်ပတ်လုံးရရှိသော အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။ ပဲတောင့်ရှည်သီးတွင် ဗီတာမင်များစွာပါဝင်၍ စားသုံးသင့်သော အစားအစာတစ်ခုဖြစ်ပါသည်။ ပဲတောင့်ရှည်သီးကို ကြော်ချက်၍ စားရသလို သုပ်စား၍လည်းရပါသည်။
ဈေးနှုန်းအနေဖြင့် မိတ္ထီလာမြို့ဈေးကွက် နိုဝင်ဘာလ တတိယပတ်တွင် ပဲတောင့်ရှည်သီး (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ် ၊ တစ်ပိဿာ(၅၀၀၀-၆၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်လဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးမြင့်နေကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရပါသည်။
DOCA(မန္တလေး)
