
ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး အချက်အချာကျသော ပြည်မြို့တွင်ရှိသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။
ပြည်ကုန်စည်ဒိုင်တွင် နိုဝင်ဘာပထမအပတ်တွင် မတ်ပဲတစ်တင်းကို (၈၃၀၀၀) ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် (၂၀၀) ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၈၂၈၀၀) ကျပ် ဖြင့် ရန်ကုန်အဝယ်ရှိပါသည်။ နိုဝင်ဘာ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၈၂၅၀၀ - ၈၃၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၂၅၀) ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာ စတုတ္ထပတ်တွင် မတ်ပဲဈေးအေးနေ ပြီး ပဲတစ်တင်းကို (၈၂၅၀၀ - ၈၃၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။
နိုဝင်ဘာ ပထမပတ်တွင် ပြည်ကုန်စည်ဒိုင်၏ ပဲတီစိမ်းဈေးမှာတစ်တင်းကို (၁၂၁၀၀၀ - ၁၂၁၅၀၀) ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ် (၃၀၀) ခန့် ရှိပါသည်။ ဒုတိယပတ်တွင် ပဲတီစိမ်း ဈေးကျပြီး တစ်တင်းကို (၁၁၇၀၀၀) ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ် (၂၅၀) ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၁၁၆၅၀၀ - ၁၁၇၀၀၀) ကျပ်ဖြင့် မန္တလေးနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် (၃၀၀) အဝယ်ရှိပါသည်။ နိုဝင်ဘာ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၁၁၇၀၀၀) ကျပ်ဖြင့် မန္တလေးအဝယ်ရှိခဲ့ပါသည်။
နိုဝင်ဘာ ပထမပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၈၁၀၀၀ - ၈၂၀၀၀) ကျပ်ဖြင့် ရန်ကုန် အဝယ် တစ်ရက်ကို အိတ် (၂၅၀) ခန့် ရှိပါသည်။ ဒုတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၈၁၀၀၀ - ၈၂၀၀၀) ကျပ်ဖြင့် ဈေးအေးနေပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၂၀၀) ခန့် ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၁၅၀) အဝယ်ရှိပါသည်။ နိုဝင်ဘာ စတုတ္ထပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၈၀၀၀၀ - ၈၁၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၂၀၀) ခန့် ရှိခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာ ပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို (၈၆၀၀၀ - ၈၇၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၃၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားရှိ ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၃၅၀) ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို (၈၆၀၀၀ - ၈၇၀၀၀) ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို (၉၀၀၀၀ - ၉၁၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်ရှိ ပါသည်။ တတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို (၈၆၀၀၀ - ၈၇၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၀၀၀၀ - ၉၁၀၀၀) ကျပ်ဖြင့် ဈေးအေးနေပြီး မြို့တွင်းနှင့် နယ်စုံအရောင်းအဝယ်တစ်ရက်ကို အိတ် (၃၀၀) ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာ စတုတ္ထပတ်တွင် ကုလားပဲ (HL) တစ်တင်းကို (၈၄၀၀၀ - ၈၅၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၈၈၀၀၀ - ၉၀၀၀၀) ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၃၀၀) ခန့် အဝယ်ရှိပါသည်။
ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၂၀၀၀၀) ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၁၁၅၀၀၀) ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများတစ်ရက်ကို အိတ် (၃၀၀) ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၅၀၀၀၀) ကပ်၊ ကုန်းပဲတစ်တင်းကို (၁၂၀၀၀၀) ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကို အိတ် (၃၅၀) ခန့် အဝယ်ရှိပါသည်။ တတိယ ပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၆၀၀၀၀) ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၁၃၀၀၀၀) ကျပ် ဖြင့် ပဲကြီးဈေးမြင့်လာပြီး တစ်ရက်ကို မြို့တွင်းအဝယ်အိတ် (၃၀၀) ခန့် ရှိပါသည်။ စတုတ္ထပတ်တွင် ဈေးတက်လာပြီး ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၇၀၀၀၀) ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၁၄၅၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၃၀၀ - ၄၀၀) ခန့် အဝယ်ရှိပါသည်။
နိုဝင်ဘာ ပထမပတ်တွင် ဘိုကိတ်ပဲ တစ်တင်းကို (၇၂၀၀၀ - ၇၃၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် (၁၅၀ - ၂၀၀) ခန့်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၂၀၀၀ - ၇၃၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၁၅၀) ခန့် အဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၀၀၀၀ - ၇၁၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲ တစ်တင်းကို (၆၉၀၀၀ - ၇၀၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၁၅၀ - ၂၀၀) ခန့် အဝယ်ရှိ ပါသည်။
နိုဝင်ဘာ ပထမပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို (၂၃၀၀၀၀) ကျပ်ဖြင့် တစ်ရက်ကို အိတ် (၄ - ၅) အိတ် မြို့တွင်းအဝယ်ရှိပါသည်။ ဒုတိယပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို (၂၃၀၀၀၀) ကျပ် ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။ နိုဝင်ဘာ တတိယပတ်တွင် မတ်ပဲ (ကျွန်း) တစ်တင်းကို (၂၅၀၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။ စတုတ္တပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို (၂၈၀၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၄ - ၅) ခန့် အဝယ်ရှိပါသည်။
ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မူမှာ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ဘိုကိတ်ပဲဈေးများမှာ အေးလျက်ရှိပြီး ပဲကြီး၊ စားတော်ပဲ သီးနှံဈေးများမှာ ဈေးမြင့်လျက်ရှိပါသည်။
DOCA(ပဲခူး)
