
မိတ္ထီလာဈေးကွက်ရှိ ဟင်းသီးဟင်းရွက် ဈေးကွက်တွင် နံနံပင်မှာ ဈေးကောင်းလျက်ရှိပါသည်။ ဈေးကွက်သို့ နံနံပင်မှာ ရမည်းသင်း(ရွှေဒါး) မှ ဝင်ရောက်နေရာ လက်ကားဈေး တစ်ပိဿာလျှင် (၃၅၀၀၀-၄၀၀၀၀) ကျပ်ရှိပြီး လက်လီရောင်းချရာတွင် တစ်စည်းလျှင် (၅၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိရာ မိတ္ထီလာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှနံနံပင်ကိုသီးညှက်စိုက်ပျိုးကြသော်လည်းဒေသတွင်းထွက်ရှိချိန်မဟုတ်၍ဈေးကွက်အဝင်နည်းသည့်အတွက်ဈေးမြင့်နေခြင်းဖြစ်ကြောင်းသိရပါသည်။ ဟင်းသီး ဟင်း ရွက်များတွင် မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ပဲစိမ်း၊ မုန်ညှင်း၊ နံနံပင်တို့မှာ ဆောင်းရာသီတွင် ဈေးကွက်အဝင်လှိုင်သည့်အတွက် ဈေးနှုန်းကျဆင်းလေ့ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
