Main menu

မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးတွင် အာဆီယမ်သပြေများအရောင်းသွက်

Powered by Drupal

                     မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးကွက်တွင် နိုဝင်ဘာလ၌ အာဆီယမ်သပြေ များဝင်ရောက် လာကြောင်းသိရသည်။ ဘုရားပန်းဈေးကွက်တွင် သပြေပန်းကို အာဆီယမ်သပြေ၊ အောင်သပြေ၊ ကျောက်စိမ်းသပြေ၊ သပြေငုတ်တို့ရှိပြီး သပြေငုတ်တွင်လည်း ကျောက်ဆည်သပြေငုတ်၊ နေပြည်တော်သပြေငုတ်ဟူ၍လည်း ခွဲခြားရောင်းချကြပြသည်။ သပြေပန်းကို ဘုရားပန်းကပ်လှူရာ၌ ညောင်ရေးအိုး၊ အောင်အိုးများအပြင် အုန်းငှက်ပျော ကန်တော့ပွဲများတွင်လည်း ထည့်သွင်းကပ်လှူလေ့ရှိပါသည်။ ၎င်းသပြေပန်းများအနက် အာဆီယမ်သပြေမှာ အရွက်တွင် အနီရောင်အညွှန့်များဖြင့် ဝေဆာစွာပါရှိခြင်းကြောင့် အမြင်အားဖြင့် ပိုမိုလှပသည်ကိုတွေ့ရပါသည်။ မိတ္ထီလာဈေးကွက်သို့ အာဆီယမ်သပြေကိုနေပြည်တော်မှအများဆုံးဝင်ရောက်ကာပေါက်ချောင်းဈေးကတော့မြို့မဈေးနှင့်ဘဲကန်ဈေးတို့မှတဆင့်ဝယ်ယူရောင်းချကြပါသည်။ပေါက်ချောင်းဈေးကွက်သို့ အောက်တို ဘာလကုန်ပိုင်းမှ စတင်ဝင်ရောက်လာရာ တစ်စီးလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းသွက် ကြောင်းသိရသည်။

DOCA(မန္တ‌လေး)