
ဝါသည် အထည်အလိတ်နှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်ရာတွင် စီးပွားရေး လောက၌ အရေးပါလှသဖြင့် မြန်မာနိုင်ငံနေရာ အနှံ့အပြား တွင်စိုက်းပျိုး ဖြစ်ထွက်လျက်ရှိ သောသီးနှံ ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် လည်းစိုက်ပျိုး ကြပါသည်။ ဝါများ စတင်ကောက်ယူလျက်ရှိရာ (၂၀၂၅)ခုနှစ် နိုဝင်ဘာလပထမပတ်တွင် သာစည်မြို့နယ်ရှိ ဝါပေါက်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၄၆၀၀-၄၇၀၀)ကျပ် ၊ ဝါဂွမ်းဈေးမှာ (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ဝါစေ့မှာ တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဖြင့်ဝယ်ယူ၍ မိတ္ထီလာ၊ မန္ထလေးသို့ တင်ပို့ရောင်းချကြကြောင်းသိရသည်။
DOCA(မန္တလေး)
