Main menu

“ကင်ပွန်းသီးဈေးနှုန်းနှင့်အသုံးဝင်ပုံ”

Powered by Drupal

   ကင်ပွန်းပင်သည် အပူပိုင်းဒေသများတွင် ပေါက်ရောက်သည့် အပင်မျိုးဖြစ်ပြီး အသီးကို ဆပ်ပြာအဖြစ် အဓိက အသုံးပြုကြသည်။ ကင်ပွန်းသီးကို ရှေးယခင် မြန်မာ့ရိုးရာတွင် ခေါင်းလျှော်ရာ၌ အသုံးပြုခဲ့ကြပြီး သဘာဝပစ္စည်းများကို တန်ဖိုးထားသူများအတွက် ယခုတိုင် ရေပန်းစားနေဆဲ ဖြစ်သည်။

    ကင်ပွန်းသီးတွင် သဘာဝ အမြှုပ်ထွက်စေသည့် Saponin (ဆပ်ပွန်နင်) ဓာတ် ကြွယ်ဝစွာ ပါဝင်သည်။ ထို့ကြောင့် ရေနှင့်ရော၍ ပွတ်လိုက်သောအခါ ဆပ်ပြာကဲ့သို့ အမြှုပ်ထွက်လာပြီး ဆံပင်နှင့် ဦးရေပြားရှိ အညစ်အကြေး၊ အဆီများကို ထိရောက်စွာ ဖယ်ရှားပေးနိုင်သည်။ ဓာတုပစ္စည်းများ ပါဝင်သည့် ခေါင်းလျှော်ရည်များနှင့်မတူဘဲ ကင်ပွန်းသီးသည် ဆံသားကို သဘာဝအတိုင်း နူးညံ့တောက်ပစေပြီး ဦးရေပြား ယားယံခြင်းကိုလည်း သက်သာစေပါသည်။

   ကင်ပွန်းသီး အသုံးပြုပုံမှာလည်း ရိုးရှင်းပါသည်။ မှည့်သော ကင်ပွန်းသီးများကို အခြောက်လှန်းပြီး ထောင်း၍ အမှုန့်ပြုလုပ်ကာ ရေနွေးနှင့်စိမ်၍ ခေါင်းလျှော်ရည်အဖြစ် အသုံးပြု နိုင်သည်။ သို့မဟုတ် အသီးခွံများကို ရေနွေးအိုးထဲ ထည့်ပြုတ်ပြီး အအေးခံကာ ထွက်လာသော အရည်ဖြင့် ခေါင်းလျှော်နိုင်သည်။ ခေါင်းလျှော်ပြီးနောက် ဆံပင်ရှုပ်ထွေးတတ်သဖြင့် ပျားရည် အနည်းငယ် ရောစပ်အသုံးပြုခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်သည်။

     ကင်ပွန်းသီးသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် သဘာဝထုတ်ကုန် ဖြစ်သော ကြောင့် ရေရှည်အတွက်လည်း ကောင်းမွန်သည်။ လားရှိူးမြို့ရှိ ဈေးများတွင်ရာင်းချနေသော ကင်ပွန်းသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)