Main menu

“ဒေသဆလပ်ရွက်များစတင်ပေါ်ထွက်လာသည့်အတွက် တောင်သူများ ဝင်ငွေတိုးလျက်ရှိ”

Powered by Drupal

    ဆလပ်ရွက်တွင် ဆလပ်ရွက်အနီရောင်နှင့် ဆလပ်ရွက်အစိမ်းရောင်ဟူ၍ အရောင်အနေဖြင့် နှစ်ရောင်ရှိပြီး၊ ဆလပ်ထုပ်နှင့် ဆလပ်ရွက်ပြန့်ဟူ၍ အမျိုးအစားနှစ်မျိုးရှိကြောင်း သိရှိရပါသည်။  စိုက်ပျိုးရာတွင် ပျိုးဘောင်ပြုလုပ်ပြီး မျိုးစေ့ကိုအပင်ဖောက်ကာ ၆ လက်မ (သို့) ၇ လက်မခန့်ခြား၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး တစ်လခွဲ နှစ်လခန့်အကြာတွင် စတင်ရောင်းချနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

    လက်ကားဈေးအနေဖြင့် တစ်ပင်လျှင် (၅၀၀/- မှ ၈၀၀/-)ကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိကြောင်း၊ ဆလပ်ရွက်ထွက်ပေါ်ချိန်တွင် ပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူကြသလို၊ တောင်သူများမှလည်း ကုန်စိမ်းပွဲရုံနှင့် ဈေးများသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိ ရပါသည်။

      ဆလပ်ရွက် စားသုံးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်း၊ သွေးတွင်း အဆီကျ စေခြင်း၊ ဘက်တီးရီးယားများကိုလည်း တိုက်ဖျက်ပေးနိုင်ခြင်း၊ စိတ်ဖိစီးမှုများကို ပြေလျော့စေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ အသားအရေလှပစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေ ကြောင်း လေ့လာသိရှိရပါသည်။ ဆလပ်ရွက်ကို အသုပ်သုပ်၍စားသုံးကြသလို၊ အတို့အမြှုပ်အဖြစ် လည်းစားသုံးကြကြောင်း၊ အကင်/ Hot potများဖြင့်လည်း တွဲဖက်စားသုံး ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)